Events
Coconut Project ၏ ဒုတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကျင်းပခြင်း
Updated At: 2024-03-21 18:52:05
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အက်ခ်ကမက်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက်အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း၏ ဒုတိယအကြိမ်စီမံကိန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ၁၅:၀၀ နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများ၊ စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စများနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများစာရင်းတွင် အုန်းသီးနှင့် ထုတ်ကုန်များကိုထည့်သွင်း၍ အလေး ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းစီမံချက်များတွင်လည်း ထည့်သွင်းထားကြောင်း၊ အုန်းချိုမွှေးကို အရေအတွက်များစွာ စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ အုန်းသီးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းလက်မှတ် (Good Agricultural Practices – GAP) ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်ဈေးကွက်သို့ အုန်းချိုမွှေးတင်ပို့နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ လက်မှတ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ၁၇:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ